Prefabricate အဆောက်အဦများရဲ့ သမိုင်းကြောင်း

Prefabricate အဆောက်အဦတွေကို AD43 ခုနှစ်မှာ ရိုမန်တွေက ဗြိတိန်ကျွန်းကို သိမ်းပိုက်ပြီးနောက်မှာ လွယ်လွယ်ကူကူ၊ မြန်မြန်ဆန်ဆန် ဆောက်လုပ်နိုင်အောင် စတင်အသုံးပြုခဲ့တာဖြစ်ပါတယ်။

Prefabricate အဆောက်အဦတွေကို AD43 ခုနှစ်မှာ ရိုမန်တွေက ဗြိတိန်ကျွန်းကို သိမ်းပိုက်ပြီးနောက်မှာ လွယ်လွယ်ကူကူ၊ မြန်မြန်ဆန်ဆန် ဆောက်လုပ်နိုင်အောင် စတင်အသုံးပြုခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် မှတ်တမ်းမှတ်ရာမှာ စတင်ဖော်ပြခဲ့တာက ပြီးခဲ့တဲ့ ၁၂ ရာစုလောက်ကဖြစ်ပြီး၊ သက္ကရာဇ် ၁၁၆၀နဲ့ ၇၀ခုနှစ်တွေကြားမှာ ရဲတိုက်တစ်ခုကို “Kit” လို့ခေါ်တဲ့ အစိတ်အပိုင်းတစ်ခုစီအလိုက် ဆောက်လုပ်ခဲ့တဲ့အကြောင်း နော်မန်ကဗျာဆရာ Robert Wace က Roman de Rou ကဗျာမှာ ဖော်ပြခဲ့တာပါ။

၁၅၀၀ ပြည့်လွန်နှစ်တွေအတွင်း ထင်ရှားတဲ့ Prefab အဆောက်အဦတည်ဆောက်မှုတစ်ခုကတော့ ဟော်လန်ပြည်က အထပ်သား အစိတ်အပိုင်းတွေကို ခုတ်ထစ်၊ တပ်ဆင်၊ ဆေးသုတ် ပို့ဆောင်ပြီး လန်ဒန်မြို့တော်မှာ Nonsuch House အဖြစ်ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ်ထင်ရှားတဲ့ Prefab အဆောက်အဦတစ်ခုကတော့ လန်ဒန်မြို့က Crystal Palace ဖြစ်ပြီး၊ ၁၈၅၁ခုနှစ် Great Exhibition ပွဲကြီးပြုလုပ်ဖို့ အတွက် Prefab သံချောင်းကြီးတွေကို အသုံးပြုပြီး Hyde Park ပန်းခြံမှာ တည်ဆောက်ခဲ့တာပါ။

အထင်ရှားဆုံး Prefab အဆောက်အဦအဖြစ် ယနေ့တိုင်တည်ရှိနေတဲ့ အဆောက်အဦကြီးကတော့ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့က Eiffel တာဝါပါပဲ။

ပြင်သစ်ဗိသုကာ Gustav Eiffel က ၁၈၈၉ ခုနှစ် World Fair မှာ ဂိတ်တံခါးပေါက်အနေနဲ့ ယာယီသုံးဖို့  ဒီဇိုင်းထုတ်ခဲ့တဲ့ တာဝါကြီးကို Prefab လုပ် သံအစိတ်အပိုင်းတွေအသုံးပြုပြီး ဆောက်လုပ်ခဲ့တာပါ။ Eiffel တာဝါကြီး ဆောက်လုပ်ရာမှာ အသုံးပြုခဲ့တဲ့ Prefab နည်းပညာကောင်းမွန်မှုကြောင့် ယနေ့တိုင် မားမားမတ်မတ်နဲ့ ကမ္ဘာ့အမွှေအနှစ်အဆောက်အဦကြီး အဖြစ်တည်ရှိနေတာ ဖြစ်ပါတယ်။

ဒါဆိုရင်တော့ အစိတ်အပိုင်းတွေကို ကြိုတင်ထုတ်လုပ် ပေါင်းစပ်ပြီး ဆောက်လုပ်တဲ့ Prefab နည်းပညာဟာ ယခုမှ ပေါ်ပေါက်လာတာမျိုးမဟုတ်ပဲ၊ လူ့သမိုင်းတစ်လျှောက် အသုံးပြုခဲ့တာ ဖြစ်ကြောင်းသိရှိလောက်ပါပြီ။ နည်းပညာတွေ ပိုမြင့်မားထွန်းကားလာတာနဲ့အမျှ၊ လူနေအိမ်တွေအထိပါ အရည်အသွေးအပြည့်နဲ့ ဆောက်လုပ်လို့ ရလာခဲ့ပါပြီ။ နောက်တစ်ပတ်မှာလည်း Prefab နည်းပညာနဲ့ တည်ဆောက်ရာကနေ ဖြစ်လာတဲ့ အကျိုးအမြတ်တွေကို တင်ဆက်ပေးသွားပါဦးမယ်။

Recent Post