About Us

cloud9

Who are We?

Cloud 9 ကို မြန်မာပြည်သူလူထုရဲ့အဆင့်အတန်းမြင့်မားလာစေဖို့ ရည်ရွယ်ပြီးစတင်ခဲ့တာဖြစ်ပါတယ်။ ဆယ်စုနှစ်နည်းပါးရှိပြီဖြစ်တဲ့အတွေ့အကြုံတွေ၊ အချိန်ပေးပြုလုပ်ထားတဲ့သုတေသနတွေရဲ့အကူအညီနဲ့အတူ Cloud9 က လူကြီးမင်းတို့အတွက် သေသပ်လှပတဲ့ဒီဇိုင်းတွေ၊ ဟိုတယ်ဘန်ဂလိုလေးတွေကိုတည်ဆောက်ပုံဖော်ပေးဖို့အသင့်ရှိနေပါတယ်။

မြန်မာနိုင်ငံရဲ့ အိမ်ရာစီမံကိန်းတွေ၊ ဟိုတယ်နဲ့ ခရီးသွားလာရေးစီမံကိန်းတွေနဲ့ပတ်သက် ရင် B2C အပိုင်းမှာသာမက B2B အပိုင်းမှာလည်းတိုးတက်ဖွံ့ဖြိုးစေဖို့ Cloud9 က အဓိကကျတဲ့အစိတ်အပိုင်းကနေပါဝင်ပြီး ပြီးပြည့်စုံတဲ့ဝန်ဆောင်မှုတွေကိုပေးနိုင်ဖို့အထိ မျှော်မှန်းထားပါတယ်။

Cloud9 အစ MBIG က

Cloud9 မမွေးဖွားလာမီ Cloud9 ရဲ့မိခင် MBIG အနေနဲ့ Residential Building, Commercial Building, Prototype စတဲ့ အဆောက်အဦတွေအပြင်
အထပ်နိမ့်/အထပ်မြင့် အဆောက်အဦပေါင်းများစွာဖန်တီးတည်ဆောက်ခဲ့ပြီး R&D ကဏ္ဍကိုလည်း ပီပီပြင်ပြင်ဆောင်ရွက်ခဲ့ပါသည်။ R&D ကဏ္ဍမှရရှိလာတဲ့ အရင်းအမြစ်တွေကို အခြေခံကာ MBIG အနေနဲ့ Cloud9 ကို စတင်ဖန်တီးလိုက်တာဖြစ်ပါတယ်။ MBIG အနေနဲ့ မြန်မာနိုင်ငံရဲ့ဆောက်လုပ်ရေးနယ်ပယ်ကို အထောက်အကူပြုနိုင်မယ့်အဖွဲ့အစည်းအဖြစ်ရပ်တည်နိုင်အောင်ကြိုးစားနေပြီး စနစ်ကျနစွာဖွဲ့စည်းတည်ဆောက်ထားပါသည်။ MBIG ဖန်တီးတည်ဆောက်ခဲ့တဲ့ အဆောက်အဦထဲမှ မှတ်တိုင်အဖြစ်စိုက်ထူနိုင်လောက်အောင် ပြောစမှတ်တွင်ခဲ့တဲ့ အဆောက်အဦ (၂) ခုကိုပါ တစ်ပါတည်းတင်ပြလိုပါသည်။

Serene Condo

Serene Condominium အနေနဲ့ မြေနေရာအကွက်အတွင်း ကောင်းမွန်ပြီး လှပသန့်ရှင်းတဲ့ လူနေထူထပ်တဲ့နေရာမှာတည်ရှိပါတယ်။ ဗိသုကာရဲ့ စိတ်ကူးစိတ်သန်းတွေပါပေါ်လွင်စေပြီး နေထိုင်မယ့်လူတွေရဲ့နေ့စဉ်ဘဝတွေ ခေတ်မီပြည့်စုံအောင် ဝန်ဆောင်မှုအပြည့်ဖြည့်ဆည်းထားပါတယ်။ မြန်မာ့
အယူအဆနဲ့အတွင်းပိုင်းမွမ်းမံမှုကို စတင်တည်ဆောက်ထဲကထည့်သွင်းစဉ်းစားခဲ့သလို ယနေ့အိမ်ခြံမြေဈေးကွက်မှာ အပြောများတဲ့အကျယ်အဝန်းဘယ်လောက်လဲဆိုတာထက် လေဝင်လေထွက်၊ အလင်းရောင်၊ ရှုခင်း၊ ဘေးပတ်ဝန်းကျင်နဲ့ နေထိုင်မှုအရသာအစရှိတဲ့ နေ့စဉ်လူမှုဘဝတွေကို သာယာပျော်ရွှင်စွာဖြတ်သန်းနိုင်မယ့်အသိုက်အဝန်းလေးတစ်ခုဖြစ်ပါတယ်။

cloud9
cloud9

မြေကြီးပေါ်ကအိမ်

ရှေးကျသောဆောက်လုပ်ရေးနည်းပညာဖြစ်တဲ့ Rammed Earth စနစ်ဖြင့် တည်ဆောက်ထားတဲ့ယောဂီဆောင်ဖြစ်ပါတယ်။ Rammed Earth စနစ်ဆိုတာ မြေကြီးကိုဦးစားပေးအသုံးပြုပြီး Foundation, Wall and Floor များအတွက် Sustainable Building Method ကို အသုံးပြုဆောက်လုပ်ခြင်းဖြစ်ပါတယ်။ Steel Frame များဖြင့် တွဲဖက်ဆောက်လုပ်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အထောက်အကူဖြစ်စေခဲ့ပါတယ်။ ယောဂီ ၄ ယောက် သက်သောင့်သက်သာ တရားအားထုတ်နိုင်ပြီး တရားအရိပ်ကို ထင်ဟပ်စေမယ့် အရောင်ဖြင့် ဖန်တီးပုံဖော်ထားပါတယ်။ မြန်မာမှုအငွေ့အသက်ဖြစ်တဲ့ ခေါင်မိုးချွန်ဖြင့် ဖွဲ့စည်းထားပြီး ရေမဝင်၊ အကောင်မဝင်နိုင်တဲ့ဖန်တီးမှုအပြင် သဘာဝအလင်းရောင်ကို အားပြုနေထိုင်နိုင်တဲ့ယောဂီဆောင်လေးဖြစ်ပါတယ်။

Gallery