Cloud 9 ကို မြန်မာပြည်သူလူထုရဲ့ အဆင့်အတန်းမြင့်မားလာစေဖို့ ရည်ရွယ်ပြီးစတင်ခဲ့တာဖြစ်ပါတယ်။

Our Story

Cloud 9 ကို မြန်မာပြည်သူလူထုရဲ့ အဆင့်အတန်းမြင့်မားလာစေဖို့ ရည်ရွယ်ပြီးစတင်ခဲ့တာဖြစ်ပါတယ်။ ဆယ်စုနှစ်နည်းပါးရှိပြီဖြစ်တဲ့အတွေ့အကြုံတွေ၊ အချိန်ပေးပြုလုပ်ထားတဲ့သုတေသနတွေရဲ့ အကူအညီနဲ့အတူ Cloud9 က လူကြီးမင်းတို့အတွက် သေသပ်လှပတဲ့ဒီဇိုင်းတွေ၊ ဟိုတယ်ဘန်ဂလိုလေးတွေကိုတည်ဆောက်ပုံဖော်ပေးဖို့ အသင့်ရှိနေပါတယ်။ မြန်မာနိုင်ငံရဲ့ အိမ်ရာစီမံကိန်းတွေ၊ ဟိုတယ်နဲ့ ခရီးသွားလာရေး စီမံကိန်းတွေနဲ့ပတ်သက်ရင် B2C အပိုင်းမှာသာမက B2B အပိုင်းမှာလည်း တိုးတက်ဖွံ့ဖြိုးစေဖို့ Cloud9 က အဓိကကျတဲ့အစိတ်အပိုင်းကနေပါဝင်ပြီး ပြီးပြည့်စုံတဲ့ဝန်ဆောင်မှုတွေကိုပေးနိုင်ဖို့အထိ မျှော်မှန်းထားပါတယ်။
C9

Cloude 9 ရဲ့ R & D Team ဆိုတာ

Cloude 9 ဟာ အထပ်နိမ့်လူနေအဆောက်အဦတွေကို အထူးပြုလေ့လာထားတဲ့အတွေ့အကြုံရင့်ဗိသုကာပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ ဒေသတွင်း ဆောက်လုပ်ရေး‌ဈေးကွက်အတွင်း ဖွံ့ဖြိုးတိုးတက်လာမှုတွေကို အဓိကထားပြီး အချိန်ယူလေ့လာနေခဲ့တာဖြစ်ပါတယ်။

ဒီဇိုင်း၊ အရည်အသွေးနဲ့ ကုန်ကျစရိတ်စတဲ့ အဓိကအခြေခံအချက်ကိုစဉ်းစားသုံးသပ်ပြီး မြေရှင်တွေ၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေနဲ့ ဝယ်ယူမယ့်အနာဂတ်အိမ်ပိုင်ရှင်တစ်ဦးချင်းစီရဲ့အကျိုးအတွက် R & D Team ကိုဖွဲ့စည်းထားရခြင်းဖြစ်ပါတယ်။

Cloud9 ကဘာတွေပေးနိုင်သလဲ

TWO MARKETS, TWO APPROACHES

Cloud 9 အသိပညာမျှဝေခြင်း
cloud9
Knowledge Sharing

Prefabrication ဆိုတာဘာလဲ?

Prefabrication ဆိုတာ ဆောက်လုပ်ရေးနည်းပညာတစ်ခုဖြစ်ပြီး၊ အဆောက်အဦတစ်ခု တည်ဆောက်ရာမှာ ပါဝင်တဲ့ အစိတ်အပိုင်းတွေကို စက်ရုံ သို့မဟုတ် အခြားဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ ကြိုတင်ထုတ်လုပ်ကာ

အသေးစိတ်ကြည့်ရန် »
Knowledge Sharing

Prefabricate အဆောက်အဦများရဲ့ သမိုင်းကြောင်း

Prefabricate အဆောက်အဦတွေကို AD43 ခုနှစ်မှာ ရိုမန်တွေက ဗြိတိန်ကျွန်းကို သိမ်းပိုက်ပြီးနောက်မှာ လွယ်လွယ်ကူကူ၊ မြန်မြန်ဆန်ဆန် ဆောက်လုပ်နိုင်အောင် စတင်အသုံးပြုခဲ့တာဖြစ်ပါတယ်။

အသေးစိတ်ကြည့်ရန် »
How it works
ကျွန်တော်တို့ရဲ့ ဗိသုကာပညာရှင်တွေ၊ ဆောက်လုပ်ရေးနယ်ပယ်က ကျွမ်းကျင်သူတွေ၊ ဈေးကွက်ဖော်ဆောင်မှုပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေအားလုံးအတူတကွ သေချာစဉ်းစားသုံးသပ်ပြီးမှ လူကြီးမင်း၏ကိုယ်ပိုင်အမှတ်တံဆိပ်ကိုပေါ်လွင်စေမယ့် သီးသန့်အဆောက်အဦဒီဇိုင်းတွေကို တီထွင်ဖန်တီးသွားမှာဖြစ်ပါတယ်။ လူကြီးမင်းရဲ့ ဟိုတယ်လုပ်ငန်း ချက်ချင်းအကောင်အထည်ဖော်နိုင်အောင် ကျွန်တော်တို့ Cloud9 က ဘန်ဂလိုပုံစံတွေ၊ ပြီးပြည့်စုံတဲ့အဆောက်အဦဒီဇိုင်းတွေကို အမြန်ဆုံးချပြပေးသွားမှာဖြစ်ပါတယ်။ ယုံကြည်ရတဲ့ကုန်ပစ္စည်းထုပ်လုပ်သူတွေ၊ တင်သွင်းသူတွေနဲ့ချိတ်ဆက်ပြီး ကျွန်တော်တို့ Cloud9 က လူကြီးမင်းတို့ကိုယ်စား အစစအရာရာ စီမံခန့်ခွဲပေးနိုင်ပါတယ်။
cloud9

Cloude9 က ဘယ်လိုဝန်ဆောင်မှု‌တွေ ပေးနေသလဲဆိုရင်.

ကျွန်တော်တို့ရဲ့ Cloud9 က လူကြီးမင်းတို့ရဲ့ Project နဲ့ပတ်သက်သမျှ အဖွဲ့အစည်းတွေ၊ ဗိသုကာပညာရှင်တွေ၊ ဆောက်လုပ်ရေးအင်ဂျင်နီယာတွေနဲ့ အရာရာအဆင်ပြေချောမွေ့အောင်ချိတ်ဆက်ပြီး ဆောက်လုပ်ရေးလုပ်ငန်းစဉ်တွေကို အစီစဉ်တကျထိရောက်စွာလုပ်ဆောင်နိုင်ဖို့ စီမံဆောင်ရွက်ပေးနေပါတယ်။

How it is made

We look into every aspect of the construction in detail,so as to deliver quality work and customers” peace of mind
Pick A Building

P6 VR1

P6 VR2

P7

P14

P23 Hero Home

P24 Screening Center